Wednesday, February 9, 2011

ရော်ရွက်ဝါရဲ့ ကြေကွဲသံ


ငှက်ကလေးတွေဟာ
လင်းေ၇ာင်ခြည်အစပျိုးကတည်းက
 သာယာနာပျော်ဖွယ်နဲ့  
နံနက်ခင်းအလှကို ဖွင့်လှစ်ကြတယ်....

ဘ၀ဆိုတဲ့စကားလုံးကိုမသိပေမယ့်လဲ
ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ
ဝမ်းစာအတွက် ရှာဖွေကြရတယ်....

အချစ်ဆိုတဲ့ စကားလုံးကို မသိပေမယ့်လဲ
အချိန်တန်တော့ အကိုင်းထက်မှာ
နှစ်ကိုယ်တူကြည်ဖြူစွာနဲ့ နားခို 
ကြည်နူးစဲပါ....

မိသားစုဆိုတာ မသိပေမယ့်လဲ
နေညိုလို့ အချိန်တန် အိမ်ပြန်တဲ့ခါ
ဘ၀ရဲ့အမောတွေ ပြေပျောက်စေမယ့်
ချစ်ခြင်းမေတ္တာ အပြည့်နဲ့ 
အသိုက်မြုံလေးက ကြိုဆိုစဲပါ.....

ငှက်ကလေးရယ် 
ရောင်နီလာတဲ့အခါ
အားအင်အသစ်နဲ့  အတောင်ကိုဖြန့် ခဲ့ပြီ
နေ့ သစ်တွေကို အထီးမကျန်ဖို့ 
မေတ္တာရိမ်မြုံလေးလဲ ရှိခဲ့ပြီ
ဘ၀ရဲ့သမိုင်းသစ်မှာလဲ
မျိုးဆက်တွေနဲ့ ရေးခဲ့ပြီ
ပြီးပြည့်စုံတဲ့ ဘ၀အိမ်လေးကို 
ဖန်တီးနိုင်ခဲ့ပြီ.....




ခုတော့....ငါ့မှာလေ....

(မနောချီချီ)

Tuesday, February 8, 2011

မနောချီချီသို့ တမ်းတခြင်း-၂






အလွမ်းဆိုတာ ချစ်ခြင်းတရားတွေ ပြည်နှက်နေရာက
ပွင့်အံကျလာတဲ့စကားလေးတွေပါ….

ချစ်သူကို တမ်းတ လွမ်းဆွတ်ဖူးသူတိုင်း
မြတ်နိုးတဲ့သူ ဘယ်ပဲရောက်ရောက်
အလွမ်းရဲ့ဒဏ်ကို အလူးလဲခံစားကျဖူးမှာပါ….

အဆွေးဆိုတာက ပျက်စီးခြင်းရဲ့ သဘောတရား
သင်္ကေတလို့ ထင်မြင်မိပါတယ် ချီလေး ….

ဆွေးမြေ့လောင်ကျွမ်းခြင်းဟာ
ချစ်ခြင်းမေတ္တာရဲ့ လမ်းခရီးမှာ
အပြင်းထန်ဆုံးမုန်တိုင်းတခုပါ….

ဘ၀တခုလုံးကို ပျက်စီးဆုံးရှုံးသွားလောက်အောင်
ဒါမှမဟုတ် ရူးသွပ်သွားနိုင်လောက်အောင်
မွေနှောက်နိုင်တဲ့အရာပါ….

ချီလေး ကိုသတိရလွမ်းဆွတ်မိရာက
ပေါ်ထွက်လာတဲ့ ခံစားချက်ဟာ
အလွမ်းဆိုတဲ့ စကားတခွန်းနဲ့ တင်
မလုံလောက်ခဲ့ပါဘူး….

အလွမ်းနဲ့  အဆွေးဟာ နေ့ စဉ်ရက်ဆက်
ရေစက်ကလေးများလို နှလုံးသားကျောက်စိုင်ခဲပေါ်
တထပ်ထပ်နဲ့  တုန်ဟီးရိုက်ခက်နေလိုက်တာ
မခံနိုင်လောက်အောင်နာကျင်လွန်းလှပါတယ် ချီလေး  ရယ်….

မနောချီချီ

သက်ဆုံးတိုင်





ချစ်သူက လိပ်ပြာလေးတစ်ကောင်ဆိုရင်
ငါက ချစ်သူအတွက် ပန်းတစ်ပွင့်ဖြစ်ချင်တယ်
ချစ်သူလိုတိုင်း စုပ်ယူနိုင်ဖို့ ၀တ်ရည်များ
နွမ်းခြောက်သွားတဲ့ထိ ထုတ်ပေးချင်တယ်။
ချစ်သူက ခရီးသွားရင်း ရေဆာနေသူဆိုရင်
ငါက ချစ်သူအတွက် စမ်းချောင်းလေးဖြစ်ချင်တယ်
ချစ်သူအမောပြေ ရင်အေးနိုင်ဖို့ စမ်းရေများ
အစွမ်းကုန် အေးမြအောင် ပြုလုပ်ပေးချင်တယ်။
ချစ်သူက အချစ်ကို မျှော်လင့်နေသူဆိုရင်
ငါက ချစ်သူအတွက် ချစ်သူတစ်ယောက်ဖြစ်ချင်တယ်
ချစ်သူလုံခြုံအေးမြနိုင်ဖို့ နှလုံးသားကို
အစဉ်အမြဲခုန်ပြီး သက်ဆုံးတိုင် ချစ်နေချင်တယ်။

မောင်စေတနာ

Saturday, February 5, 2011

တိတ်တိတ်လေး


တိတ်တိတ်လေး ချစ်နေတော့
တိတ်တိလေး လွမ်းနေမိတယ်

. . .
သူ့ ကို……….လွမ်းတယ်။
သူ့ ကို……….အမြဲတွေ့ နေချင်တယ်။
သူ့ ရဲ့ ………..နဘေးမှာ
ရှိနေရရင် ဘာတွေဘဲ ဖြစ်ဖြစ်…
ကျွန်တော် ကျေနပ်တယ်။
…………
ဒါတွေကို သူမသိပါဘူး။
ဘာလို့ လဲဆိုတော့……….
တိတ်တိတ်လေးဘဲ သူ့ ကို ချစ်နေမိတယ်။
တိတ်တိတ်လေးဘဲ ပေးဆပ်ချင်တယ်။
: moetain588 





စာမေးကောင်းတဲ. အမေ .... :D


စာမေးကောင်းတဲ. အမေ .... :D


ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$^#&..(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။ &*$%^@$#!%$@^%#*$^^^##$%(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊ ကြည့်ပါဦးအခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း ရှင်းပြ။မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know, but i don'twant to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။် နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက် ၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။ သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့ ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’ (ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။ အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’ (ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’ (အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေးလုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’ --
--




--
 
        စစ်မှန်သော
        ကိုမြတ်ထွန်း




မကျော်ကောင်းတဲ့ စည်းတွေခြားသွားခဲ့ပြီပဲ
ငါမကျော်တော့ပါဘူး
ဒါပေမဲ့ အဲ့ဒီစည်းရဲ့အနီးဆုံးမှာတော့ ငါရှိနေပါရစေ
ကျော်လို့မရတဲ့ တံတိုင်းတွေ ခြားသွားခဲ့ပြီပဲ
ငါမကျော်တော့ပါဘူး
ဒါပေမဲ့ အဲ့ဒီတံတိုင်းရဲ့ အနီးဆုံးမှာတော့ ငါရှိနေပါရစေ
ခေါ်လို့မရတဲ့ ဘ၀တွေနဲ့
အဝေးဆုံးထိဝေးသွားခဲ့ပြီပဲ
ငါမခေါ်တော့ပါဘူး ………..
ဒါပေမဲ့ မင်းရဲ့အနီးဆုံးနေရာမှာတော့
ငါရှိနေပါရစေ ………..။
Rumuro                                                                                                                                 



Friday, February 4, 2011

မှန်သလားလို့ ပါ

သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်


အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်


ဒေါသသံဖြင့်ပြောသည်။


``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´


``ဖေဖေ ပြောတာမှန် မ မှန်သိချင်လို့ပါ။မေမေ၊ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊


`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း


မျက်စိပါတယ်`တဲ့။

မနောချီချီသို့ တမ်းတခြင်း



ဝမ်းနည်းနေရင်ငိုကြွေးလိုက်ပါ..
ပျော်စရာတွေကိုလဲ ရယ်မောလိုက်ပါ..
လှောင်ပြောင်မှု့ တွေ့ ကို မေ့လိုက်ပါ....
ဒါပေမယ့် နှင်းစက်ကလေးလို
အဆက်မပြတ် ကြွေကျနေတဲ့ 
မင်းရဲ့ ခံစားချက်လေးကို 
ထပ်တူထပ်မျှ နားလည်ပေးမယ့်
သူ ကိုမမေ့လိုက်ပါနဲ့ .....
ငါလေမင်းအတွက်ဆို
ဘယ်လောက်ပဲဝေးနေပါစေ
အခက်ခဲများကိုကျော်ကာဖြတ်လို့ 
မင်းရဲ့အပါးမှာ အမှု့ တော်ထမ်းဖို့ 
                                  တသက်တာနားခိုပါရစေ ....






 မနောချီချီ

Thursday, February 3, 2011

ချစ်သူသစ်ပင်

ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။


မောင်စိန်ဝင်း(ပုတီးကုန်း)

Wednesday, February 2, 2011

ရေလာမြောင်းပေး

ရှင်ကျွန်မကို နမ်းရင် အဖေမမြင်စေနဲ့နော်
ကိုယ်မင်းကို ဘယ်တုန်းကမှ မနမ်းရပါလား
ဟုတ်ပါတယ် ၊ တကယ်တည်းမှပဲ ၊ နမ်းမယ်ဆိုရင်ပြောတာပါ

တော်သေးတာပေါ့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။


- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့......

ကောင်းရော

ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး..
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

အပြန်လမ်း

let me die



ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ

ချစ်သူအဆောင်နံ့ သာတောကို
မျှော်မောကာရွှေရင်ထိတ်ပါလို့
တိတ်တိတ်ကလေးလာ။

တကယ်တွေ့ရင်တော့
ဘယ်နေ့မှာဘယ်လိုလွမ်း
ဘယ်လမ်းမှာဘယ်လိုစောင့်
ဘယ်ထောင့်မှာဘယ်လိုမျှောလို့
ဘယ်လိုနော်ရင်ခုန်ခန်းကို
ပြောစမ်းမယ်စိတ်ကူးနဲ့
ကြည်နူးသလိုရင်မှာဖြစ်ပါရဲ့
မောင့်အချစ်မိသည်းညှာ
လာစဉ်ကမောင့်အတွေး။

တွေ့မလားရယ်နဲ့
နေ့ခြားမောင်လာရဲ့
အဆောင်မှာသူ့ကိုမတွေ့လေဘု
သည်နေ့ဆိုရှိတန်ကောင်းပါရဲ့
ခေါင်းမော့ကာကြည့်ဆဲမှာပေါ့
မိသည်းညှာမောင့်အချစ်က
ဧည့်သစ်တွေ အလျှိုလျှိုနဲ့
ခွန်းနှုတ်ချိုပျော်ဟန်ဖွဲ့လေတော့
လာခဲ့သူမောင့်အမှားပါပဲ
တံခါးအဆောင်ဝဆီက
နောင်တ အတန်တန်နဲ့
အိမ်အပြန်ကံ့ကော်လမ်းမှာ
ကံ့ကော်ပန်းမောင်မမင်တော့
ခြံအ၀င်စံပယ်နံ့က
သင်းပျံ့လို့မွှေး...။


မောင်စိန်ဝင်း (ပုတီးကုန်း)

အချစ်ဦး

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။


မောင်စိန်ဝင်း(ပုတီးကုန်း)

အချစ်ကဗျာ

ချစ်ရတာကောင်းလား လို့တစ်ယောက်ယောက်က မေးလာရင်...
ကောင်းတယ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ပြီး
ကြင်နာမှု့ သစ္စာရှိမှု့တွေနဲ့ ထုံမွှမ်းထားရင်။
ကိုယ်ချင်းစာ တရားနဲ့ တစ်ဦးရဲ့ နှလုံးသားကို တစ်ဦးက ချိတ်ဆက်ထားရင်
ချိုမြိန်တဲ့ နားလည်မှု့နဲ့ အပေးအယူ မျှတရင်..။

ချစ်သူကိုပွေ့ထားပြီး
ချစ်လိုက်တာလို့ ပြောရတာ တော်တော်အရသာရှိမယ်ထင်တယ်။
ရင်ထဲမှာ အမြုပ်တွေထလာမှာ
အဲ့ဒိအမြုပ်တွေများလာရင် ပူဖောင်းလေးတွေ ဖြစ်ပြီး လေထဲမှာ မျောနေဦးမယ်။

ချစ်တတ်တယ် ဆိုတဲ့ လူဆိုတာ…
ကိုယ့်ချစ်သူဖြစ်လာတဲ့သူကိုလည်း သေသေချာချာစံနစ်တကျချစ်ချင်တယ်။
သပ်သပ်ရပ်ရပ် နဲ့
လှလှပပပေါ့ ။

သစ္စာတရားကိုသာ နားလည်သင်ကြားတတ်မြောက်ခဲ့ရင်
ချစ်တတ်ဖို့ဆိုတာ သိပ်လွယ်။

လောကကြီးမှာ ချွပ်စွပ်တူတာတွေက သိပ်ရှား
ဒါပေမယ့်…
ချစ်သူတွေဆိုတာ
သူက သူ့စွမ်းအား
ကိုယ်က ကိုယ့်စွမ်းအား
အားနှစ်ခု ပေါင်းစည်းညီညွှတ်ခြင်းပါ။

တစ်ကယ်တော့ အချစ်ဆိုတာ ကဗျာတစ်ပုဒ်ပေါ့။
စကားလုံးတွေနဲ့ ရေးဖွဲ့ထားတာတော့ မဟုတ်ဘူး။

ချစ်ရတာကောင်းလား လို့တစ်ယောက်ယောက်က မေးလာရင်...
ကောင်းတယ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ပြီး
ကြင်နာမှု့ သစ္စာရှိမှု့တွေနဲ့ ထုံမွှမ်းထားရင်။


ကျော်ညိုသွေး

ဘ၀ပုံသေနည်း

(အပေါ်မှအောက်သို့ဖတ်ပါ)

သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။

သူမ.... နင် နောင်တရမလား

သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။

သူမ.... ငါ့ကို တကယ်ချစ်လား

သူ...... တကယ်ပေါ့။

သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။

သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။

သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။

သူ...... အင်း.. တစ်ခါထက်ကို မကဘူး။

သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။

သူ...... လုံးဝ မဖြစ်နိုင်တာ

သူမ.... ငါ နင့်ကို ယုံရမလား...

လက်ထပ်ပြီးနောက်…………


ယုံပါကွာ...

Tuesday, February 1, 2011

ယောက်ျားလေးများအား ခွင့်လွှတ်သင့်သောအချက် (၁၀) ချက်

ယောက်ျားလေးများအား ခွင့်လွှတ်သင့်သောအချက် (၁၀) ချက်


၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။
ဒီအတိုင်းလဲကွဲတတ်တယ်နော်

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။ ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား "သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင် လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။
ကိုယ်မှားသွားရင်တောင်းပန်ပါတယ်

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။




smile;):P

ငွေရှိတိုင်းမဖြစ်တဲ့လောက

ငွေရှိတိုင်း မဖြစ်တဲ့ လောက  

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
  2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

  3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
  4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။

  5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
  6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

  7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။

  8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊
လေးစားမှု (Respect) ကို   ဝယ်လို့မရဘူး။

  9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊
လှပ တင့်တယ်မှု (Beauty)  ကို ဝယ်လို့မရဘူး။

 10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့မရဘူး။

 11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

 12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။

  13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။

  14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။

 15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊
လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

 16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

  17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။

 18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊
လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်  ပြန်ကာလို့မရဘူး။

  19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
အကောင်းမြင်ခိုင်းလို့မရဘူး။

 20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
     (1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
     (2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။
sadlol:|

ဘ၀နဲ့ အခွင့်ရေး

 ဘ၀နဲ့ အခွင့်အရေး
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
 သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်
 နေထိုင်နိုင်ဖို့ ကြိုးစားပါ။

 ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
 ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။

 သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
 ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
 သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

 ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
 သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

 ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
 သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

 ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
 သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။



ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
 သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
 ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
 တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

:/roll

သစ်ရွက်လှုပ်တာလား

သစ်ရွက်လှုပ်တာလား



မိမိ ဆယ်တန်းကျောင်းသားဘ၀က ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တိုင်း အဘိုးနဲ့ အဘွားအိမ်ကို အမြဲရောက်ဖြစ်သည်။ မိမိက ဦးလေးနှင့် ဒေါ်လေးများကို အရမ်းချစ်သည်။ ဦးလေးနှင့် ဒေါ်လေးများ စကားစုပြီး ပြောသည့်အခါတိုင်း အနားတွင် နားထောင် နေတတ်သည်။ သူတို့ ပြောသော စကားများတွင် ရယ်စရာ မပါပေမယ့် ကျွန်တော်က အမြဲရယ်နေတတ်သည်။ ထိုအခါတိုင်း ဒေါ်လေးက“ အလတ်ကောင် အလကားနေရင်း မရယ်စမ်းနဲ့ …. ယောင်္ကျားလေးဆိုတာ တည်တည်တံ့တံ့ နေရတယ် .. အခုတော့ အားနေ ရယ်နေတာပဲ .. ´´ ဆိုပြီး ဆူပူတတ်သည်။ လေးလေးက
“ မိထိုက်ရယ် သူဟာသူ ရယ်တာပဲ … ဘာဖြစ်လို့ ကလေးကို လိုက်ပြောနေရတာလဲ … ဒီအရွယ်ဆိုတာ သစ်ရွက်လှုပ်တာတောင် ကြည့်ပြီး ရယ်တတ်တဲ့ အရွယ်လေ .. နင်ကလဲ မပြောစမ်းပါနဲ့ ´´
ထိုအခါ ကျွန်တော်က ထပ်ရယ်ပြန်လေသောအခါ
“ အမလေး တူနဲ့ ဦးလေး အတိုင်အဖောက် ညီနေလိုက်ကြတာ … ရယ် .. ရယ် .. ငါက သင်ပေးနေတာ … ရယ်ပြီး တက်နေအုံးမယ် ´´ ပြောဆိုကာ ထသွားတတ်သည်။
ထိုစဉ်အခါက လေးလေး ပြောခဲ့သော သစ်ရွက်လှုပ်တာတောင် ကြည့်ပြီး ရယ်တတ်တဲ့ အရွယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိခဲ့ပါ။ တက္ကသိုလ် ကျောင်းသားဖြစ်လာတော့ သိလာသည်။ သစ်ရွက်ကလေးများသည် လေတိုက်တိုင်း ယိမ်းနွဲ့နေတတ်သည်။ ဆယ်ကျော်သက် အရွယ်သည်လည်း အရာရာကြောင့် အလိုလိုနေရင်း ရင်ခုန်နေတတ်သော အရွယ်ဟု သိလာသည်။ သစ်ရွက်လှုပ်တာနှင့် ဥပမာ နှိုင်းထားမှန်း သိလာရတော့သည်။
ဆယ်ကျော်သက် အရွယ်ရောက်သည်နှင့် အရာအားလုံးသည် ကဗျာဆန် နေလေသည်။ မြင်တွေ့ရသော ပတ်ဝန်းကျင်၏ လှုပ်ရှားမှုတိုင်းသည် ရင်ခုန်စရာပင်။ တစ်ခါတစ်ရံ ဆယ်ကျော်သက်များ ရင်ခုန်မှုသည် ပတ်ဝန်းကျင်ကို ကူးစက်တတ်သည်။ ဆယ်ကျော်သက်များ ရင်ခုန်မြူးတူး နေမှုသည် ကြည်နူးဖွယ် ကောင်းသည်။ ဆယ်ကျော်သက်များ၏ ရင်ခုန်မှုကို တားဆီးမည့်သူ မရှိပါ။ သူခေတ်နှင့် သူ ပျော်မြူးနေကြသည်ဟု လက်ခံကြသည်။ ဆယ်ကျော်သက်များ၏ ရင်ခုန်ခြင်းကို လေတိုက်တိုင်း ယိမ်းနေသည့် သစ်ရွက်ကလေးများ လှုပ်နေသည်ဟုပင် ထင်မြင်ကြသည်။ သစ်ရွက်လှုပ်နေသည်မှာ ကဗျာလွတ်အက ကနေသလိုပင်။
ဆယ်ကျော်သက်လေးများ၏ ရယ်မောသံများကို သဘောကျကြသည်။ ဆယ်ကျော်သက်များ ပျော်မြူး နေသည်ကို မြင်ရသူများ၏ စိတ်ထဲတွင် ချမ်းမြေ့မှုကို ခံစားကြရသည်။ အသက်အရွယ် အလိုက် သစ်ရွက်လေးများ လှုပ်ရှားမှုသည်လည်း ပြောင်းလဲလာနိုင်သည်။ ဆယ့်ခြောက်နှစ်တွင် ရင်ခုန်မှုများမှ နှစ်ဆယ်ကျော်၊ သုံးဆယ်ရောက်လာတော့ ရင်ခုန်မှုက ပြောင်းလဲလာသည်။ တစ်ချို့ဆိုလျှင် အသက် လေးဆယ်ကျော် ငါးဆယ်ကျော်မှ အိမ်ထောင်ကျ ကြသည်။ သူတို့အနေနှင့် သစ်ရွက်လှုပ်မှုသည် လေးဆယ်ကျော် ဖြစ်သည်။ ထိုအချိန်ကျမှ သစ်ရွက်ကို လေတိုက်ပုံရသည်။
မိမိလဲ တွေးကြည့်မိသည်။ ယခုအချိန်အထိ လေငြိမ်နေသော မိမိဘ၀မှာ ဘယ်အရွယ် ဘယ်အချိန်ကြမှ လေတိုက်ပြီး သစ်ရွက်လှုပ်မှာလဲ တွေးမိပြီး အလိုလိုနေရင်း ရင်ခုန်နေမိတော့သည်။



:/sad:| မောင်စေတနာ

ဘာပဲဖြစ်ဖြစ်ရပါတယ်


Men: ငါတို့ ညစာအတွက် ဘာကို စီစဉ်သင့်လဲမသိဘူးနော်.?
Women: ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Men: မက်ဆီကိုအစားစားလေးများ မစားချင်ဘူးလားကွာ..?
Women: ဟင်အင်း..ဟင်အင်း..ကျမတခါစားဖူးတယ်..အဲနောက် မျက်နှာမှာ အဖုတွေတခါတည်း
ထွက်လာတော့တာပဲ..
Men: ကောင်းပြီးလေ..ဒါဆိုလည်း..တရုတ်စားလေး စားကြတာပေါ့..
Women: ရှင်...မနေ့ကလည်း ဒါပဲ.. ဒီနေ့လည်း..အဲဒါပဲလား..ကျွတ်.?
Men: အင်..... ပင်လယ်စားဆိုရင်တော့ရော..
Women: ဟင်..ပင်လယ်စားတွေက မကောင်းပါဘူးရှင်ရယ်...၀မ်းတွေလျှောတက်ပါဘိနဲ့..
Men: အင်..ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ..?
Women : ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင့်...


2. (ဘာပဲလုပ်လုပ်)
Men: အင်း..ဒါဆို..ငါတို့ ဘာလုပ်ကြမလဲကွာ..?
Women: ဘာပဲလုပ်လုပ်လေ..
Men: ဇာတ်ကားလေးများ မကြည့်ချင်ဘူးလား.. ကိုယ်တို့ မကြည့်တာ အတော်ကြာနေပြီထင်တယ်..
Women: ဇာတ်ကားကြည့်တာ မကောင်းပါဘူးရှင်ရယ်..အချိန်ကို သက်သက်ဖြုန်းနေကြတာပါ..
Men: ဒါဆိုလည်း.. ဘိုးလင်းသွား လိမ့်ကြမလား..
လှုပ်လှုပ်ရှားရှားဖြစ်တာပေါ့..?
Women: ဒီလို ပူလောင်နေတဲ့နေမှာ ရှင်က ......?
Men: အင်း... လက်ဖက်ရည်ဆိုင်သွားပြီ တခုခုများ သောက်ကြမလား..
Women: လက်ဖက်ရည် ဖြတ်ထားတယ်ရှင့်...
Men: အင်း..ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ပြောကြည့်လေ..?
Women: ဘာပဲ လုပ်လုပ် ..ရပါတယ်ရှင်...


3. (ရှင် ဆုံးဖြတ်ပါ.)

Men: ဒါဆိုလည်း..အိမ်ပဲ ပြန်ကြမလား?
Women: ရှင်ပဲ ဆုံးဖြတ်ပါ..
Men: အိုကေ.. ဘတ်(စ)ကားစီးကြတာပေါ့.. အတူတူးစီးမယ်လေ..
Women: အဲဒီကားတွေက ညစ်ပတ်ပြီး အမြဲတမ်း ကြပ်သတ်နေတာပဲ..မကောင်းပါဘူး...
Men: ဟုတ်ပါပြီ.. တက္ကစီပဲ ငှားလိုက်ပါမယ်..
Women: ဘာ..ဒီလောက် နီးနီးလေးကို အသုံးဖြုန်းမကြီးစမ်းပါနဲ့ ရှင်ရယ်..
Men: ကောင်းပြီလေ.. လမ်းလျှောက်ပြီပဲ ပြန်ကြတာပေါ့.. ပတ်ဝန်းကျင်ကို ခံစားလို့ရတာပဲ..
Women: ကျမ ဗိုက်ဆာနေပြီ..လမ်းမလျှောက်နိုင်တော့ဘူး ရှင့်...
Men: ဟင်..ဒါဖြင့်..ဘာလုပ်ချင်သလဲ ပြောလေ..?
Women: ရှင်ပဲ..ဆုံးဖြတ်ပါ..
Men: ညစာ အရင် စားကြမလားဟင်.?
Women: ဘာပဲလုပ်လုပ်ပါရှင်..
Men: ဘာစားချင်လဲ ပြောကြည့်လေ..?
Women: ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင်......♦♣♠♥☺☻
roll:Pbig grin