Tuesday, February 8, 2011

သက်ဆုံးတိုင်





ချစ်သူက လိပ်ပြာလေးတစ်ကောင်ဆိုရင်
ငါက ချစ်သူအတွက် ပန်းတစ်ပွင့်ဖြစ်ချင်တယ်
ချစ်သူလိုတိုင်း စုပ်ယူနိုင်ဖို့ ၀တ်ရည်များ
နွမ်းခြောက်သွားတဲ့ထိ ထုတ်ပေးချင်တယ်။
ချစ်သူက ခရီးသွားရင်း ရေဆာနေသူဆိုရင်
ငါက ချစ်သူအတွက် စမ်းချောင်းလေးဖြစ်ချင်တယ်
ချစ်သူအမောပြေ ရင်အေးနိုင်ဖို့ စမ်းရေများ
အစွမ်းကုန် အေးမြအောင် ပြုလုပ်ပေးချင်တယ်။
ချစ်သူက အချစ်ကို မျှော်လင့်နေသူဆိုရင်
ငါက ချစ်သူအတွက် ချစ်သူတစ်ယောက်ဖြစ်ချင်တယ်
ချစ်သူလုံခြုံအေးမြနိုင်ဖို့ နှလုံးသားကို
အစဉ်အမြဲခုန်ပြီး သက်ဆုံးတိုင် ချစ်နေချင်တယ်။

မောင်စေတနာ

No comments:

Post a Comment