Tuesday, February 1, 2011

ဘာပဲဖြစ်ဖြစ်ရပါတယ်


Men: ငါတို့ ညစာအတွက် ဘာကို စီစဉ်သင့်လဲမသိဘူးနော်.?
Women: ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Men: မက်ဆီကိုအစားစားလေးများ မစားချင်ဘူးလားကွာ..?
Women: ဟင်အင်း..ဟင်အင်း..ကျမတခါစားဖူးတယ်..အဲနောက် မျက်နှာမှာ အဖုတွေတခါတည်း
ထွက်လာတော့တာပဲ..
Men: ကောင်းပြီးလေ..ဒါဆိုလည်း..တရုတ်စားလေး စားကြတာပေါ့..
Women: ရှင်...မနေ့ကလည်း ဒါပဲ.. ဒီနေ့လည်း..အဲဒါပဲလား..ကျွတ်.?
Men: အင်..... ပင်လယ်စားဆိုရင်တော့ရော..
Women: ဟင်..ပင်လယ်စားတွေက မကောင်းပါဘူးရှင်ရယ်...၀မ်းတွေလျှောတက်ပါဘိနဲ့..
Men: အင်..ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ..?
Women : ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင့်...


2. (ဘာပဲလုပ်လုပ်)
Men: အင်း..ဒါဆို..ငါတို့ ဘာလုပ်ကြမလဲကွာ..?
Women: ဘာပဲလုပ်လုပ်လေ..
Men: ဇာတ်ကားလေးများ မကြည့်ချင်ဘူးလား.. ကိုယ်တို့ မကြည့်တာ အတော်ကြာနေပြီထင်တယ်..
Women: ဇာတ်ကားကြည့်တာ မကောင်းပါဘူးရှင်ရယ်..အချိန်ကို သက်သက်ဖြုန်းနေကြတာပါ..
Men: ဒါဆိုလည်း.. ဘိုးလင်းသွား လိမ့်ကြမလား..
လှုပ်လှုပ်ရှားရှားဖြစ်တာပေါ့..?
Women: ဒီလို ပူလောင်နေတဲ့နေမှာ ရှင်က ......?
Men: အင်း... လက်ဖက်ရည်ဆိုင်သွားပြီ တခုခုများ သောက်ကြမလား..
Women: လက်ဖက်ရည် ဖြတ်ထားတယ်ရှင့်...
Men: အင်း..ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ပြောကြည့်လေ..?
Women: ဘာပဲ လုပ်လုပ် ..ရပါတယ်ရှင်...


3. (ရှင် ဆုံးဖြတ်ပါ.)

Men: ဒါဆိုလည်း..အိမ်ပဲ ပြန်ကြမလား?
Women: ရှင်ပဲ ဆုံးဖြတ်ပါ..
Men: အိုကေ.. ဘတ်(စ)ကားစီးကြတာပေါ့.. အတူတူးစီးမယ်လေ..
Women: အဲဒီကားတွေက ညစ်ပတ်ပြီး အမြဲတမ်း ကြပ်သတ်နေတာပဲ..မကောင်းပါဘူး...
Men: ဟုတ်ပါပြီ.. တက္ကစီပဲ ငှားလိုက်ပါမယ်..
Women: ဘာ..ဒီလောက် နီးနီးလေးကို အသုံးဖြုန်းမကြီးစမ်းပါနဲ့ ရှင်ရယ်..
Men: ကောင်းပြီလေ.. လမ်းလျှောက်ပြီပဲ ပြန်ကြတာပေါ့.. ပတ်ဝန်းကျင်ကို ခံစားလို့ရတာပဲ..
Women: ကျမ ဗိုက်ဆာနေပြီ..လမ်းမလျှောက်နိုင်တော့ဘူး ရှင့်...
Men: ဟင်..ဒါဖြင့်..ဘာလုပ်ချင်သလဲ ပြောလေ..?
Women: ရှင်ပဲ..ဆုံးဖြတ်ပါ..
Men: ညစာ အရင် စားကြမလားဟင်.?
Women: ဘာပဲလုပ်လုပ်ပါရှင်..
Men: ဘာစားချင်လဲ ပြောကြည့်လေ..?
Women: ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင်......♦♣♠♥☺☻
roll:Pbig grin

No comments:

Post a Comment