Wednesday, February 9, 2011

ရော်ရွက်ဝါရဲ့ ကြေကွဲသံ


ငှက်ကလေးတွေဟာ
လင်းေ၇ာင်ခြည်အစပျိုးကတည်းက
 သာယာနာပျော်ဖွယ်နဲ့  
နံနက်ခင်းအလှကို ဖွင့်လှစ်ကြတယ်....

ဘ၀ဆိုတဲ့စကားလုံးကိုမသိပေမယ့်လဲ
ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ
ဝမ်းစာအတွက် ရှာဖွေကြရတယ်....

အချစ်ဆိုတဲ့ စကားလုံးကို မသိပေမယ့်လဲ
အချိန်တန်တော့ အကိုင်းထက်မှာ
နှစ်ကိုယ်တူကြည်ဖြူစွာနဲ့ နားခို 
ကြည်နူးစဲပါ....

မိသားစုဆိုတာ မသိပေမယ့်လဲ
နေညိုလို့ အချိန်တန် အိမ်ပြန်တဲ့ခါ
ဘ၀ရဲ့အမောတွေ ပြေပျောက်စေမယ့်
ချစ်ခြင်းမေတ္တာ အပြည့်နဲ့ 
အသိုက်မြုံလေးက ကြိုဆိုစဲပါ.....

ငှက်ကလေးရယ် 
ရောင်နီလာတဲ့အခါ
အားအင်အသစ်နဲ့  အတောင်ကိုဖြန့် ခဲ့ပြီ
နေ့ သစ်တွေကို အထီးမကျန်ဖို့ 
မေတ္တာရိမ်မြုံလေးလဲ ရှိခဲ့ပြီ
ဘ၀ရဲ့သမိုင်းသစ်မှာလဲ
မျိုးဆက်တွေနဲ့ ရေးခဲ့ပြီ
ပြီးပြည့်စုံတဲ့ ဘ၀အိမ်လေးကို 
ဖန်တီးနိုင်ခဲ့ပြီ.....




ခုတော့....ငါ့မှာလေ....

(မနောချီချီ)

No comments:

Post a Comment