Saturday, August 13, 2011

Windows 7 မှာ Appearance Fonts ပြောင်းနည်း

Windows 7 မှာ Appearance Fonts ကို zawgyi အဖြစ် change ဖို့နည်း လမ်းလေး ဖြစ်ပါတယ်။ Appearance Fonts ချိန်းဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေ အတိုင်း ပြုလုပ်ပါ။
၁. Start မှ Search Box တွင် run ကိုရိုက်၍ Enter ခေါက်ပါ။
၂. Run Box တွင် control desktop ဟုရိုက်၍ Enter ခေါက်ပါ။
၃. Personalization သို့ ရောက်ရှိမည်ဖြစ်ပြီး အောက်ဘက်အလယ်ရှိ Windows Color ကို နှိပ်ပါ။
၎. Windows Color and Appearanceသို့ ရောက်ရှိမည်ဖြစ်ပြီး ၄င်းမှ Advanced appearance settings .... ကိုနှိပ်ပါ။
၅. Windows Color and Appearance Box မှ Item တွင် အောက်ပါအတိုင်း မိမိပြောင်းလိုသည် များကို ရွေး ချယ်၍ Font တွင် ZawgyiOne ကို ရွေးချယ်ပါ။
    -Folder နှင့် File များကို မြန်မာလိုပေါ်လိုပါက Icon ကိုရွေးပါ။
    -Menu များကို မြန်မာလိုပေါ်လိုပါက Menu ကိုရွေးပါ။ အကောင်းဆုံးပြုလုပ်နိုင်ကြပါစေနော်။

1 comment:

  1. လေ့လာသွားပါတယ် ဗျာ

    ReplyDelete