Tuesday, August 16, 2011

software မပါဘဲ folder ကို လော့ချမယ်

ကျွန်တော်သိထားတဲ့ folder lock ချနည်းလေးပါ။ ဒါပေမယ့် အဲဒီနည်းက software မပါတော့
တော်တော်လေးတော့ အသုံးဝင်ပါတယ်။ သိပြီးသားတွေဆိုရင်တော့ sorry ဗျာ။
လုပ်နည်းကတော့ ဒီလိုပါ....
ကိုယ်လုပ်ချင်တဲ့ folder ကို နာမည်းတစ်ခုပေးပါ။
ဥပမာ_ star လို့ ပေးလိုက်တယ်။ C:drive ထဲမှာ ထားလိုက်တယ်။
start မှ run ထဲမှာ attrib +s +h C:\star လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် star folder က C: ထဲမှာ မရှိတော့ပါဘူး။ ပျောက်သွားပါလိမ့်မယ်။
ပြန်ဖော်ချင်တယ်ဆိုရင် attrib -s -h C:\star လို့ ပြန်ရိုက်ထည့်လိုက်ပါ။
ပြန်ပေါ်လာပါလိမ့်မယ်။ D,E တို့မှာ ထားချင်ရင်လည်း C နေရာမှာ D,E တို့ ထည့်လိုက်ရုံပါပဲ။
ဒါပေမယ့် D မှာ ထားတယ်ဆိုရင် first page မှာပဲ လုပ်လို့ရပါတယ်။ folder တွေထဲမှာ လုပ်တာ မရပါဘူး။
D ဆိုရင် D ရဲ့ first page မှာ ထားလို့ရပါတယ်။ လုပ်ကြည့်ပါခင်ဗျာ။

No comments:

Post a Comment