Saturday, August 13, 2011

Start Menu မှာ Run Box ပေါ်အောင်လုပ်မယ်

ကျွန်တော်တို့ Windows 7 အသုံးပြုသူတွေက Run ဘောက်စ်ကိုခေါ် ချင်ရင် win + r (ဝင်းဒိုးကီးနဲ့ r )တွဲနှိပ်မှ run ဘောက်လေး ထွက်လာပါတယ်။ တစ်ခါတလေမှာ အဆင်ပြေပေမယ့် တစ်ခါတလေတော့ Start menu ထဲက Run Box ကို တမ်းတမိတာပါပဲ။ ကျွန်တော် အပါအဝင်ပေါ့။ ခုကျွန်တော် ပြောပြမယ့် ဟာလေးကတော့ Windows 7 မှာ start menu ထဲမှာ Run box လေးပေါ်အောင် လုပ်တာလေးပါ။
၁။ Start menu ပေါ်မှာ right click ခေါက်ပြီး Properties ကိုရွေးပါ။
၂။ ဘောက်စ်တစ်ခုကျလာတဲ့အခါမှာ start menu tab အောက်မှာရှိတဲ့ customize ဆိုတဲ့ button လေးကိုကလစ်နှိပ်ပါ။
၃။ ဘောက်စ်တစ်ခု ထပ်ကျလာပါလိမ့်မယ်။အဲဒီထဲကမှ run command ဆိုတဲ့ ချက်ဘောက်စ်ကလေးကို အွန်ပေး လိုက်ပါ။
၎။ ပြီးရင်တော့ OK ကိုကလစ်ပါ။ အားလုံးပြီးသွားပြီဆိုရင်တော့ start menu မှာ Run ဆိုတာလေး ကို တွေ့ရ ပြီဖြစ်ပါတယ်။

No comments:

Post a Comment