Showing posts with label မနောချီချီ. Show all posts
Showing posts with label မနောချီချီ. Show all posts

Wednesday, February 9, 2011

ရော်ရွက်ဝါရဲ့ ကြေကွဲသံ


ငှက်ကလေးတွေဟာ
လင်းေ၇ာင်ခြည်အစပျိုးကတည်းက
 သာယာနာပျော်ဖွယ်နဲ့  
နံနက်ခင်းအလှကို ဖွင့်လှစ်ကြတယ်....

ဘ၀ဆိုတဲ့စကားလုံးကိုမသိပေမယ့်လဲ
ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ
ဝမ်းစာအတွက် ရှာဖွေကြရတယ်....

အချစ်ဆိုတဲ့ စကားလုံးကို မသိပေမယ့်လဲ
အချိန်တန်တော့ အကိုင်းထက်မှာ
နှစ်ကိုယ်တူကြည်ဖြူစွာနဲ့ နားခို 
ကြည်နူးစဲပါ....

မိသားစုဆိုတာ မသိပေမယ့်လဲ
နေညိုလို့ အချိန်တန် အိမ်ပြန်တဲ့ခါ
ဘ၀ရဲ့အမောတွေ ပြေပျောက်စေမယ့်
ချစ်ခြင်းမေတ္တာ အပြည့်နဲ့ 
အသိုက်မြုံလေးက ကြိုဆိုစဲပါ.....

ငှက်ကလေးရယ် 
ရောင်နီလာတဲ့အခါ
အားအင်အသစ်နဲ့  အတောင်ကိုဖြန့် ခဲ့ပြီ
နေ့ သစ်တွေကို အထီးမကျန်ဖို့ 
မေတ္တာရိမ်မြုံလေးလဲ ရှိခဲ့ပြီ
ဘ၀ရဲ့သမိုင်းသစ်မှာလဲ
မျိုးဆက်တွေနဲ့ ရေးခဲ့ပြီ
ပြီးပြည့်စုံတဲ့ ဘ၀အိမ်လေးကို 
ဖန်တီးနိုင်ခဲ့ပြီ.....




ခုတော့....ငါ့မှာလေ....

(မနောချီချီ)

Tuesday, February 8, 2011

မနောချီချီသို့ တမ်းတခြင်း-၂






အလွမ်းဆိုတာ ချစ်ခြင်းတရားတွေ ပြည်နှက်နေရာက
ပွင့်အံကျလာတဲ့စကားလေးတွေပါ….

ချစ်သူကို တမ်းတ လွမ်းဆွတ်ဖူးသူတိုင်း
မြတ်နိုးတဲ့သူ ဘယ်ပဲရောက်ရောက်
အလွမ်းရဲ့ဒဏ်ကို အလူးလဲခံစားကျဖူးမှာပါ….

အဆွေးဆိုတာက ပျက်စီးခြင်းရဲ့ သဘောတရား
သင်္ကေတလို့ ထင်မြင်မိပါတယ် ချီလေး ….

ဆွေးမြေ့လောင်ကျွမ်းခြင်းဟာ
ချစ်ခြင်းမေတ္တာရဲ့ လမ်းခရီးမှာ
အပြင်းထန်ဆုံးမုန်တိုင်းတခုပါ….

ဘ၀တခုလုံးကို ပျက်စီးဆုံးရှုံးသွားလောက်အောင်
ဒါမှမဟုတ် ရူးသွပ်သွားနိုင်လောက်အောင်
မွေနှောက်နိုင်တဲ့အရာပါ….

ချီလေး ကိုသတိရလွမ်းဆွတ်မိရာက
ပေါ်ထွက်လာတဲ့ ခံစားချက်ဟာ
အလွမ်းဆိုတဲ့ စကားတခွန်းနဲ့ တင်
မလုံလောက်ခဲ့ပါဘူး….

အလွမ်းနဲ့  အဆွေးဟာ နေ့ စဉ်ရက်ဆက်
ရေစက်ကလေးများလို နှလုံးသားကျောက်စိုင်ခဲပေါ်
တထပ်ထပ်နဲ့  တုန်ဟီးရိုက်ခက်နေလိုက်တာ
မခံနိုင်လောက်အောင်နာကျင်လွန်းလှပါတယ် ချီလေး  ရယ်….

မနောချီချီ