Wednesday, July 11, 2012

phone no ထည့်စရာမလိုပဲ ဂျီမေးအကောင့် ဖွင့်နည်း



Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။
 
 
Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။
 
 
 
Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။
Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။
 
 
 
 
တစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။
 
 
 
 
Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ

SVCHOST.EXE ကိုသတ်မယ်

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..

သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ...
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...


မှတ်ချက်...မြန်မာအင်ဂျင်နီယာဖိုရမ်မှ...မှီငြမ်းထားပါသည်..


ကိုဇော်ရေးသည်

How to Fix "USB Drive Not Recognized" (USB ပြဿနာ)



How To Fix Windows XP and 7 USB Device Not Recognized Error Message

သူငယ်ချင်းတစ်ယောက်မေးထားတာလေးပါ....ကြာနေပါပြီ .... USB Stick ကို ကွန်ပြူတာမှာ တပ်လိုက်တော့ "USB Drive Not Recognized" ဆိုတဲ့ Error တတ်နေလို့ပါတဲ့ ဘယ်လိုဖြေရှင်းရမလဲ ကူညီပါဦး... တဲ့လေ .... ဆိုတော့ မေးနေတဲ့ လူကိုလည်း အားနာပါတယ် ချက်ချင်း ပြန်မဖြေပေးနိုင်တဲ့ အတွက် ...:) ကွန်ပြူတာနဲ့ ပတ်သက်ပြီး မိမိတို့မှာ ဖြစ်နေတဲ့ ပြဿနာ အထွေထွေကို မေးမြန်းကြတဲ့ နေရာမှာ တချို့သော လူတွေက နည်းပညာနဲ့ ပတ်သက်ပြီး Blog ရေးနေသူတိုင်း အကုန်သိ အကုန်တတ်ကြတယ်လို့ ထင်နေတတ်ကြပါတယ် (တချိန်က ကျနော် အပါဝင်ပါပဲ) တကယ်တမ်းတော့ ကွန်ပြူတာ နည်းပညာ ဟာ အရမ်းကျယ်ပြန့်တဲ့ အတွက် လိုက်မမှီနိုင်ပါဘူး.....:)  အကုန်သိ အကုန်တတ်ဖို့ရာတော့ တော်တော်ကြီးကို အချိန်ပေးရမှာပါ...:)
ဒါ့ကြောင့် မေးခွန်းတွေနဲ့ ပတ်သက်ပြီး  ကိုယ် ကိုယ်တိုင် ဖြစ်ဖူး ကြုံဖူးတဲ့ မေးခွန်းလေးတွေနဲ့ တိုက်ဆိုင်တာမျိုး ရှိခဲ့ရင်တော့ချက်ချင်း အချိန်ရရင် ဖြေပေးထားနိုင်ပါတယ် ...:)  အဲတချို့ မေးခွန်းတွေကျတော့ ကိုယ်တိုင် မကြုံဖူးသေးတဲ့ အပြင် ကြားတောင် မကြားဖူးသေးတဲ့ မေးခွန်းမျိုး ဆိုရင်တော့ တော်တော် အချိန်ပေးပြီး အင်တာနက်ထဲ မှာ စမ်းတဝါးဝါးနဲ့ ရှာဖွေ လေ့လာရပါတယ်... ဒါတောင် တိကျတဲ့ အဖြေကို ချက်ချင်းမရနိုင်ပါဘူး ပြဿနာချင်းတူနေပေမဲ့လည်း ဖြေရှင်းကြတဲ့ နည်းလမ်းကျတော့ မတူကြပြန်ပါဘူး...:)  ဟုတ်ရဲ့လား ဖြစ်နိုင်ပါ့မလားဆိုပြီး ကိုယ်တိုင် စမ်းသပ်ကြည့်ရသေးတဲ့ အခြေအနေမျိုးလည်းကြုံရပါသေးတယ်.... ဖြစ်နိုင်တယ် သေချာတယ်ဆိုမှ စာဖတ်ပရိတ်သတ်ဆီကို တဆင့် ပြန်လည်မျှဝေပေးရတာပါ.... Software တွေဆိုရင် ပိုတောင်ဆိုးပါသေးတယ် ကိုယ်က Software တိုင်းကို အလကား ပိုက်ဆံ မပေးရပဲ လိုချင်တာဆိုတော့ အချိန်ပေးပြီး ရှာ ... တွေ့ပြီဆိုတော့ Download လုပ် .. ပြီးတော့ ဖိုင်ကို ဖြည် စမ်းသပ် Run ပြီးကာမှ Serial Key က အဆင်မပြေ Crack က အလုပ်မလုပ် Patch ကသုံးမရ Keygen က Run မရ နဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ပါ... Key ပြန်ရှာ .. ရှာလို့ရလာပြန်တော့ လက်ရှိ Version နဲ့ မကိုက် အလုပ်မလုပ် ..... ဟူးးးးးးးးးး မရမချင်း အလုပ်ရှုတ် အရှုတ်တွေ လုပ်နေရပါတော့တယ်...... ဒီကြားထဲ သွင်းထားတဲ့ Software တွေ အချင်းချင်း မသင့်မြတ်ကြလို့ (သို့) Virus ဆိုတဲ့ အကောင် ပါသွားလို့ Window ပြန်တင်နေရတာလည်း အကြိမ်ကြိမ်ပါပဲ....:P

 ဒါ့ကြောင့် တချို့ မေးထားတာလေးတွေ ကို ချက်ချင်း အကြာင်းမပြန်နိုင်ခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်...:)

ခုအပေါ်မှာမေးထားတာလေးကို နိုင်ငံခြား ဖိုရမ် တွေမှာလည်း ရေးထားတာရယ် ဒီဆိုက်ဒ် လေးမှာ ရေးထားတာရယ် ဖြေရှင်းပုံချင်းတူနေတာကြောင့် သေချာတယ်ထင်ပြီး ပြန်လည်မျှဝေပေး
လိုက်ပါတယ်.....:)
 

USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတတ်ပါတယ်။

ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။


နည်းလမ်း(၁)


- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)


- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။


-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။


နည်းလမ်း(၂)


- နောက်တစ်နည်းကတော့ Run Box မှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ။


- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)


- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။


ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။

Thursday, July 5, 2012

အင်တာနက်ဆိုင်က သုံးရင် msdts.exe ဆိုရင် key-logger...သတိထားဖို့...

All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊
(သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။
 ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။
 တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား ..
 software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ 
ကဲ . ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။
Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။
ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။
အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။
အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...။
ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး.......
ကိုယ်သုံးတဲ့ အကောင့်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။



ကိုဇော် ရေးသားသည်

USB မှ autorun.inf ကို ဘယ်လို ရှင်းမလဲ


ကျွန်တော်တို့ USB Drive မှ Autorun.inf virus အကိုက်ခံတဲ့ ဘယ်လို ရှင်းမလဲ ဆိုတာကို ပြီးကတဲ့ နေ့က မိတ်ဆွေတစ်ယောက် မေးတာကို ဖြေပေးခဲ့တာကို ဒီမှာ ပြန်တင်ပေးလိုက်တာပါ။ ကျွန်တော်က ဒီနည်းကို သင်ပြပေးခဲ့တာက ကျွန်တော် အကို ကိုရုပ်ဆိုးဖြစ်ပါတယ်။ ဒီနည်းကို ကျွန်တော် မိတ်ဆွေက မေးတော့ အတော်ဖြစ်သွားတာ ။ ဒါနဲ့ ဆိုဒ်မှာ တင်ပေးဖို့ပါ အကြံရလိုက်တယ်။ သူများ တင်ပေးပြီးသာဆိုလာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းတွေ သတ်တဲ့ နည်းလေးကို ဆိုဒ်မှာ မရေးတင်ဘူးသေးလို့ တင်ပြပေးလိုက်တာ။ ပြောနေကျတယ်။ USB , CD, DVD တွေကနေ Autorun.inf virus ကိုက်ခဲ့လျင် အောက်ပါအတိုင်း သက်နိုင်ပါတယ်။ ဒါမျိုးတွေကို အတော်များများရေးပြီးကျပြီဆိုတာ သိတယ်။ သို့သော် ကျွန်တော် ဆိုဒ်မှာ လာလည်ကျတဲ့ သူတွေမှာ အခြေခံသမားတွေလည်ပါတယ်။ အတန်အသင့်သမားတွေလဲ ပါတယ်။ ကျွမ်းကျင်သမားတွေလည် ရောက်လာတက်တာရှိတယ်။ ဒါကြောင့် တင်လိုက်တယ်။ ဒါမျိုးမလုပ်ချင်လည် Software ပါ တင်ပေးလိုက်တယ်။
1. Safe mode ကို သွားဖို့ အတွက် မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ Windows တက်နေတုန်းမှာ F8 key ကို နိုပ့်ပေးထားပါ ။ အောက်က ပုံကိုကြည့်ပါ။




2. Start >> Run >> cmd လို့ ရိုက်ပြီ command prompt ကို ဖွင့်လိုက်ပါ။

Cd X: ( x = မိမိ အသုံးပြုမည့် Drive Name ကို ရိုက်ပါ။ ) ရိုက်ပြီ Enter ခေါက်ရမှာဖြစ်ပါတယ်။ ( သို့မဟုတ်)
Cd\ ဆိုပြီ root directory ကို သွားရမှာဖြစ်ပါတယ်။

3. ပြီတာနဲ့ autorun file ရဲ့ attributes ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ အောက်မှာကြည့်ပါ။ cmd မှာ အောက်က attribute ကို အရင်ရိုက်ပါ။
Attrib –h –r –s autorun.inf


ရှင်းလင်းချက်

-h = remove Hidden property
-r= remove Read only property
-s=remove System files property

အဲ့ဒီလို ရိုက်ပြီးတာနဲ့ files ကို Delete ရမှာဖြစ်ပါတယ်။ cmd မှာအောက်က code ကို ထပ်ရိုက်ရမှာဖြစ်ပါတယ်။

Del –h –r –s autorun.inf

ပြီးတာနဲ့ မိမိ computer ကို Restart ချလိုက်တာနဲ့ မိမိ လုပ်ခဲ့တဲ့ Drive ကို open နိုင်ပါပြီ။
 မူရင်း
http://www.knowledgewar07.com/search/label/Virus

Wednesday, July 4, 2012

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်




ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့ ယူလို့မရအောင် Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။ ။ 12345 , , 5201457 ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် ..
အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့ ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် ..

ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ .. ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..

အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် .. နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..

Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..


ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် .. 15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @ % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..

ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် ..
ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် ..
မြန်မာပြည်မှ Phone Verification လုပ်ဖို့ အခက်အခဲ ရှိသူများ ကူညီပေးပါမယ် .. ကျွန်တော်ကိုယုံကြည်တယ်ဆိုရင်တော့ ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. pyay.phyo75@gmail.com သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် .. ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် ..
ကောင်းသော်နေ့ပါကောင်းကင်မျိုး
crazy bag.ning.com မှကူးယူတင်ပြသည်

ကိုယ်.GTALKကိုဘယ်သူသုံးနေလည်းစစ်မယ်

ကဲသူငယ်ချင်းတို့ရဲ့မေးလ်ကိုဘယ်သူဝင်းပြီးသုံးထားလည်းစစ်ကြည်.မယ်နော်

စလုပ်ရမှာကတော့ မေးလ်ထဲဝင်ပါ


ဝင်ပြီးသွားရင်မေးလ်ရဲ့အောက်ဆုံးဘေးဘက်နားကိုကြည်ပါ

ပုံအတိုင်:စာလေးကိုရှာကြည်.ပါ


အဲဒီအပုံမှာ အပြာရောင်လေနဲ့ရေးထားတဲ.Detailsကိုနှိပ်လိုက်ပါ
အပုံကိုဟုတ်ဘူးနော်သူငယ်ချင်းတို့ရဲ့မေးလ်ထဲမှာနော်...........)



အဲဒီထဲကိုဝင်ပြီးသွားရင်တော့ဒီလိုလေးတွေ.ရပါလိမ်.မယ်

သူငယ်ချင်းရဲ့ဇယာ:လေးကြည်.ကြည်.ပေါ့
သုံးထားရင်ပြပါလိမ်.မယ် ဘယ်နေ့ကကိုယ်သုံးလည်း
သူပြထားတာနဲ့ဟုတ်ရဲ့လားဟုတ်နေရင်တော့တစ်ခြာ:သုံးထားတဲ.သူမရှိပါဘူး
ကိုယ်သုံးထားတဲ.ရက်ထက်ပိုပြနေရင်တော့ တစ်ခြာ:သုံးနေတဲ.သူရှိနေပါပြီး
အဲဒီလိုဖြစ်နေရင်သူငယ်ချင်းတို့ရဲ့ pwကိုပြောင်းလိုက်တာပိုကောင်းပါတယ်



သိသလောက်လေးတင်ပြပေးလိုက်ပါတယ်



ကောင်းသော်နေ့ပါ
ကောင်းကင်မျိုး


အခုတလောအမြဲလိုလို ဖြေရှင်းပေးနေရတဲ့ Problem လေးပေါ့ဗျာ..။အကိုရေလုပ်ပါဦး..ကျွန်တော့်အကောင့်...
Disabled ဖြစ်သွားတယ်တဲ့..ဘာလုပ်ရမလဲတဲ့..သူ့ ကိုကြည့် လိုက်တော့ ပုံစုံလေးက သနားစရာလေးပါ..
(အကောင့်ထဲမှာရှိတဲ့ သူ့ ကောင်မလေးတွေကိုနှမြောလို့ နေမယ်)..နောက်ပြီးသူကမေးသေးတယ်..
Gmail ကအလကားနေရင်း ဘာလို့ Disabled ဖြစ်ရတာလဲတဲ့..Hacked ခံရတာလားတဲ့..အော်..ဟုတ်မှာပါ..
ခင်ဗျားက စတိဂျော့ဒ်ညီဆိုတော့လို့  စိတ်ထဲကတော့ပြောလိုက်မိတယ်..ဒါပေမယ့် အဲ့ဒီအချိန်မှာ solution က
မရှိသေးတော့ နည်းနည်းဖောပေးလိုက်မိတယ်..ဟိုဟာဒီဟာပေါ့ဗျာ..။

သူပြန်မှ ကျွန်တော်လည်း Google ထဲမှာရှာကြည့် လိုက်တယ်..Results တွေကထွက်လာပါတယ်အများကြီးပဲ..
ကိုယ့်စိတ်ကို မယုံတာနဲ့ အကိုဆီကို သွားမေးလိုက်တယ်..။နည်းပညာနဲ့ ပက်သက်ရင်တော့..ကျွန်တော်အတွက်က
ဆရာတစ်ပါးပါပဲ...အကိုကပြောတယ်..Disabled ဖြစ်တယ်ဆိုတာက အကြောင်းရင်းတွေအများကြီးဖြစ်နိုင်တယ်ဆိုပြီး
ပြောသွားပါတယ် အများကြီးပဲ..ဒါပေမယ့် အခုကတော့ ကျွန်တော်ဖတ်ထားတာနဲ့ တူတာလေးတွေကိုပဲ..
တင်ပေးလိုက်ပါတယ်...နောက်မှဆက်တင်ပေးပါ့မယ်။

Gmail အကောင့် Distabled ဖြစ်တယ်ဆိုတာ IP address မတူတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်..Tempory Lock့ 
ဆိုရမှာပေါ့ဗျာ..နောက်တစ်ခုက ကိုယ်သုံးနေတဲ့အကောင့် မသုံးတာကြာတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်..
နောက်ပြီး ကိုယ့်အကောင့်ကို တခြားတယောက်က Google ကို report လှမ်းတင်လို့ လည်းဖြစ်နိုင်ပါတယ်...
အကောင့်သုံးနေရင်း Distabled ဖြစ်သွားတဲ့ပုံစံ တချို့ ကိုတော့တွေ့ ဖူးပါတယ်..အကောင့်က၀င်နေရင်း..Distabled
ဖြစ်သွားတာ..စာပို့ နေရင်းနဲ့ ဖြစ်တာ..Network Refesh လုပ်ပြီးသွားပြီး Page ကျလာတဲ့အချိန်မှာဖြစ်တာ နောက်ပြီး
ရှိပါသေးတယ်..အခုတော်တော်များများတွေ့ နေရတယ် အကောင့် ၃ ၄ ခုဖွင့် ပြီးသုံးကြတာ...
အဲ့သလိုတပြိုင်နက်သုံးတာတို့ ..လတ်တလောဖွင့်ထားတဲ့ အကောင့်တွေမှာ(အများဆုံး)ဖြစ်နေတာစသည်ဖြင့် 
အမျိုးမျိုး တွေ့ နေရတယ်..။နောက်ပြီး တစ်ခုလောက်တောင်းဆိုတာပါ..sent ဆိုတဲ့ ခလုတ်လေးမနှိပ်ခင်..
saveဆိုတာလေးကို နှိပ်တဲ့အကျင့်ကို လုပ်စေချင်တယ်..Foreigner တော်တော်များများ အဲ့ဒီအကျင့်မရှိတာကို..
တွေ့ ရပါတယ်..အမြဲတမ်း Save လုပ်သင့်ပါတယ်..ကျွန်တော်တို့ အင်တာနက်လိုင်းတွေကကြောက်ရပါတယ်..
နောက်ပြီး Blogger တွေအနေနဲ့ လည်း Notepad နဲ့ သာအရင်ရေးစေချင်ပါတယ်..ကျွန်တော်ဆို ပိုစ့်တစ်ခုကို..
ဆယ်ခါလောက်ရေးလိုက်ရပါသေးတယ်... ၁၇ ရက်ကပါ..သိမှာပေါ့ဗျာ..ဘာနေ့ လဲဆိုတာ။နောက်ထပ် ပြည့်စုံသေချာတဲ့
Solution တွေကို ထပ်မံလေ့လာဖော်ပြသွားဦးမှာပါ..။

နောက်ပြီးတစ်ခုခုဖြစ်ရင် သူများအကူအညီတောင်းဖို့ ပဲမစဉ်းစားပါနဲ့ ..Solution ဆိုတာ Google မှာရှာလို့ ရပါတယ်။
ကိုယ်တိုင် Try ကြည့် ကြပါ...။ကျွန်တော်လည်း တစ်ခါဖြစ်ဘူးတယ်..ဒါပေမယ့် ပြန်ရပါတယ်..၁ရက်ပဲကြာလိုက်တယ်။
တကယ်လို့  Disabled ဖြစ်သွားပြီးဆိုရင် အောက်ကပါတဲ့လင့်ဒ်လေးမှာသွား Try ကြည့် လိုက်ပါ.အဆင်ပြေမှာပါဗျာ..။
အောက်မှာပေးထားတဲ့ Link ကနေပြီး ကိုယ့်ဆီမှာတက်တဲ့ error ကဘယ်လိုအမျိုးစားလဲ..ဘယ်လိုဖြေရှင်းရမလဲဆိုတာကို
ပြောပြထားပါတယ်..အလွယ်ဆုံးကတော့ Help Center ကို mail ပို့ လိုက်တာပေါ့ဗျာ...။

http://mail.google.com/support/bin/answer.py?answer=46346&hl=en-US




နောက်ထပ်သေချာတဲ့  Solution တွေကိုထပ်မံစုဆောင်း တင်ပြသွားပေးပါ့မယ်....။

ကော် နက် ရှင် တက်အောင် run နှင့် ရိုက် ပြီး ကော်နက် ရှင် တက်အောင် လုပ် နည်း

နေ့ခင်းဘက်တွေမှာ မြောက်များလှစွာသော အင်တာနက်သုံးစွဲသူများကြောင့် ကွန်နက်ရှင် ကျဆင်းသွားပါတယ်။ အကြောင်းအရင်းများစွာရှိပေမယ့် တစ်ချို့အချက်တွေ ပြင်ဆင်ဖြည့်တင်းလိုက်ရင် မြန်နှုန်းမြင့် ရရှိလာနိုင်ပါတယ်။ စမ်းသုံးခဲ့သမျှ ပိုမြန် ပိုသွက်လာပါတယ်။


၁။ ။ Start/Run/GPEDIT.MSC/Computer Configuration/Administrative Template/Network/QoS packet scheduler ဟုအဆင့်ဆင့် သွားလိုက်ပါ။ limite reserable bandwidth ကို double click လုပ်ပြီး ပေါ်လာသောboxမှာ enable/bandwidth % 0 ဟုပြောင်းပေးလိုက်ပါ။ ကွန်နက်ရှင် တက်လာပါလိမ့်မယ်။

၂။ ။ Start/Run/regedit/Hkey current user/software//microsoft/windows/current version/internet setting ဟုအဆင့်ဆင့် သွားလိုက်ပါ။ "MaxConnectionPerServer"=dword:00000040
"MaxConnectionPer1_0Server"=dword:00000040 ကိုcreate လုပ်ပါ။ ဒီ registry file ကို run ခိုင်းရင်လည်း ရပါတယ်။

၃။ ။ Start/Run/cmd ဟုသွားပါ။ ipconfig/fluh dns ရိုက်ရ်ျ DNS ကိုရှင်းပစ်ပါ။

၎။ ။ browser မှ history,cookie and temporary ဖိုင်တွေရှင်းပစ်ပါ။

၅။ ။ connection booster တစ်ခုခုကိုသုံးပါ။ ဥပမာ limewire ကို patch လုပ်ထားလျှင် browser မှာ မြန်နှုန်းမြင့်လာပါတယ်။

ဒါဆိုပိုမြန်လာသလားစမ်းသပ်မယ်။ ဒီဆိုဒ်မှာ ကွန်နက်ရှင်ဘယ်လောက်ရှိလည်း စမ်းသပ်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါ။

ပြင်ဆင်ချက်။ ။ အမှတ်စဉ် ၃ ဧ။် "ipconfig/fluh dns" အား " ipconfig /flushdns " ဟုပြောင်းလည်း ရပါမည်။

လိုင်းမကောင်းပဲ Gtalk နှဲ့ Gmail သုံးချင်သူများအတွက်

လိုင်းမကောင်းပဲ Gtalk နှဲ့ Gmail သုံးချင်သူများအတွက်


လိုင်းမကောင်းပဲ ဂျီတော့ နှင့် ဂျီမေးလ် သုံးချင်သောသူငယ်ချင်းများအတွက် ကျွန်တော် အခုမှသိသောနည်းကို

ဝေမျှပေးလိုက်ပါတယ်......

http://karoolark.com/ ကိုရိုက်ထည့်ပြီးဝင်လိုက်ပါ .....

ဂျီမေးလ် ထဲ သွားချင်ရင် စာအိတ်ပုံကို ကလစ်ပါ

ဂျီတော့ ထဲ ၀င်ချင်ရင်တော့ ဂျီတော့( talk)ပုံ ကို ကလစ်လိုက်ပါ

အဆင်ပြေပါစေ 

New tab link ခေါ်တိုင်း google home page ပေါ်အောင်ပြုလုပ်ချင်ရင်

ဒီပိုစ့်ကို သူငယ်ချင်းတစ်ယောက်က အကူညီတောင်းလာလို့ ဖြေပေးရတာပါ ။ Friefox newtab မှာ ဒီတိုင်းပဲလေ ။ ဘာမှပေါ်မလာဘူး ။ newtab ကို နိပ်တိုင်း home ကိုသွားရတာ ပျင်းတယ် ထင်သပ ။
ကလိုဆို ဒီလုပ်လိုက် ။ ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Add-On လေးကို အက်လိုက်ပါ ။ newtab ခေါ်တိုင်း Google ကို တန်းရောက်သွားပါလိမ့်မယ် ။ Add-On လုပ်တာကို မသိသေးဘူးဆိုရင် ဒီနေရာမှာ နည်းသွားယူလိုက်ပါဗျာ ။ ကျန်တာတော့ လွယ်ပါပြီ ။ အဲသမှာ ကိုယ်သွားစေချင်တဲ့ ဆိုဒ်ကို ထည့်လိုက်ပေါ့ဗျာ ။ ဥပမာ http://www.google.co.th/ ဆိုရင် ကူးထည့်လိုက်ရုံပဲ ။ အပြည့်အစုံတော့ ထည့်ရမယ် ။ ပုံကို ကြည့်လိုက်ပါဦး ။
မြန်မာချစ်သူများဆိုဒ်မှ ကူးယူဖော်ပြပေးပါတယ်..
အားလုံးပဲ အဆင်ပြေပြေလုပ်နိုင်ပါစေ ။
ခွန်မောင်ပန်http://www.decembermgmg.co.cc/

Gmail အကောင့်သစ်ဖွင့်တတ်ချင်သူများနှင့် အကောင့်သစ်လိုချင်သူများ အတွက် လွယ်ကူသောလမ်းညွှန်လေးပါ....

Gmail အကောင့်သစ်ဖွင့်တတ်ချင်သူများနှင့် အကောင့်သစ်လိုချင်သူများ အတွက် လွယ်ကူသောလမ်းညွှန်လေးပါ....

ကျတော် ပုံနဲ့တော့မရှင်းပြတော့ဘူးနော် သိသူများလည်း ကျော်သွားပါ မသိသူများအတွက်သာရည်ရွယ်ပါသည်....ပထမ ဆုံး ဂျီတော့ ကိုဖွင့်ပါ Singin မလုပ်ပါနဲ့ အောက်က Forgot your password နဲ့ Don't have an account နှစ်
ခုရှိတဲ့ထဲက Don't have an account ကိုကလစ်ပါ..First name:
ကိုတစ်ဝက်ရိုက်ပါ ကိုယ်လိုချင်တဲ့နာမည်ကိုဆိုလိုတာပါ Last name: ကိုတစ်ဝက်ရိုက်ပါ Desired Login Name: မှာ clickလိုက်ပါ ကိုယ်ပေးတဲ့နာမည်က သုံးပြီးသားရှိနေရင်မရပါဘူး နောက်တစ်ခေါက်အနေနဲ့ ဒေါ့ ခံရင်ခံမခံချင်ရင် ကြိုက်တာရွေးပြီးကြိုးစားရှာပါ အဆင်ပြေသွားရင် e.g12345 is available ဆို
ပြီးပေါ်လာပါပြီ...ဒါကနာမည်ရွေးတဲ့ အဆင့်ပါ Password ကတော့ Good ပေး
တဲ့ထိရွေးပါ ပြီးရင် Stay signed in ဒီအဆင့်မှာ အမှန်ခြစ်ဖြုတ်ခဲ့ပါ....Security question: ဒီအဆင့်ကတော့ ဒေါင်းအဲရိုးကီးလေးနဲ့ ဆင်းလိုက်ပါ....The best of chil.... အဲဒါကိုရွေးပေးပါ....Answer: ဒီအဆင့်မှာတော့ အပေါ်က နဲ့ကိုက်ညီမူ့ရှိအောင် e.g yarzarkokomg ကိုယ်ကြိုက်တဲ့နာမည်ပေးလိုက်ပါ ဒီအဆင့်ထိလည်းလွယ်ပါတယ်နော်....အရေးကြီးတဲ့ အဆင့်လာပါပြီ.....Recovery email: ဒါက အရေးပါပါတယ် ဒီနေရာမှာဘဲမှားတတ်ကြတာပါ...Google က အကောင့်တစ်ခုကို နောက်ထပ် ပေးရင် နှစ်ခုထပ်ပိုမပေးပါဘူး အကောင့်ဖွင့်ကြတယ် ပြီးတော့ ဒီနာမည်မေးလိပ်စာထပ်ပေးင်္ပြိး အကောင့်ထပ်ဖွင့်ကြတယ် ပြောင်းပါ အဲဒိနေရာမှာ
e.g 12345@gmail.com လိုပေးပြီးဖွင့်ပြီးသွားရင် တစ်ခြား e.g 67890@gmail.com လို့နာမည်ပြောင်းလိုက်ပါ ဒါဆို အာမခံပေးတဲ့သူအသစ်ဖြစ်သွားပါပြီ ဖုန်းနံပါတ်တွေ လိပ်စာတွေ တောင်းတာတွေကြုံဖူးကြမှာပါ....အဲဒါကဘာလို့လည်းဆိုတော့ သူတို့ က စစ်ဆေး
တာပေါ့ အလွယ်ရှင်းလိုက်တာပါ....Word Verification: ဒီအဆင့်ကလည်းစ
ကားပြောပါတယ် စာလုံးကြည့်ရိုက်ရပေမယ့် ရူပ်တော့ မှားတတ်တယ် သေချာကြည့်ရိုက်ပါ မအောင်မြင်ရင်နောက်တစ်ကြိမ်ပေါ့.....ကျတော် ပြောခဲ့တဲ့အတိုင်းလုပ်ကြည့်ပါ အကောင့်လေးတွေ များများကြီးရလာမှာပါ
ကျန်တဲ့ အပိုင်းလေးတွေချန်ခဲ့ပါတယ် စရှည်မှာစိုးလို့ပါ အဲဒိ အပိုင်းလေးတွေကတော့အဆင်ပြေသလို လုပ်ပါ လွယ်လို့မပြောတော့တာပါ
မရခဲ့ရင် နားမလည်ခဲ့ရင် yazarkoko125@gmail.com ကိုမေးမြန်းနိုင်ပါတယ်
အချိန်မရလို့ ဓာတ်ပုံနဲ့မရှင်းပြနိုင်တာခွင့်လွှတ်ပေးကြပါ ခင်ဗျာ 

Offline လုပ်ပြီးချစ်သူလေးကိုစမယ် သူငယ်ချင်းတွေကိုနောက်မယ်.....Gtalk......

Mail ထဲကမဟုတ်ပဲ Gtalk Off Line Login လုပ်ကြရအောင်ဇူလိုင်လ 10, 2011 တွင် 4:55pm အချိန် ကျော်ဇင် မှ နည်းပညာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ် စာပို့မယ် အကြောင်းအရာအားလုံးကြည့်ရန်
Gtalk Gadget လို့ ခေါ်တဲ့ http://talkgadget.google.com/talkgadget/popout ကိုသွားလိုက်ပါ။
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ် လိုက်ရင် ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင် offline လုပ်ကြမယ် ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…

့

Tuesday, May 1, 2012

Blue Screen Error ဖြေရှင်းနည်း


ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။

Tuesday, August 16, 2011

ကွန်ပြူတာမှာ Virus ရှိပါပြီ Task Manger, Folder Options and Registry ကိုပြန်လည်စစ်ဆေးဖြင်း...


ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါသည်။ အရင်ဆုံးစစ်ဆေးကြည့်ရှု စစ်ဆေးကြည့်ရှုမှာကတော့* Tools Menu က Folder Options ပျောက်နေခြင်း* Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ုပြူတာ Restart ကျနေခြင်း* Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း* Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း* Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း* Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း* Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း* Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း* My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)* Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပြူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။ အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့ Registry Database ကို backup လုပ်ထားနည်းStart > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows XP install CD တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။ Windows XP Professional Service Pack 8 in 1 ဆိုတဲ့ CD နဲ့ဆိုရင်အားလုံးအဆင်ပြေနိုင်ပါသည်။ အဲဒီ CD နဲ့ Windows XP ကို Repair လုပ်နိုင်ပါတယ်။ System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။ Task Manager, Registry Editor and Folder Options ကိုဖော်ယူခြင်းTask Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator” လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။ Registry ကိုဖွင့်ပြီးHKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete)HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ “Disabled TaskMgr” ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key တွေအားလုံးကိုလည်းဖျက်ပါ။ အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီးHKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ “No Folder Options” ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါ ဘူး။ Virusအကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)ဒါမှမဟုတ် “Registry editing had been disabled by your administrator” လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc/ မှာ Download ချယူနိုင်ပါသည်။Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။ များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။ Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။ သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀င်နေပါတယ်။ Antinivirus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။
source:ko zaw

Restore My Computer

ဟိုတစ်နေ့က စက်တစ်လုံး ၀င်းဒိုးမတက်လို့ဆိုပြီး လာအပ်တယ်။ ဖွင့်ကြည့်လိုက်တော့ တကယ်တမ်း ၀င်းဒိုးက တက်တယ်။ Loading ပြီးသွားတဲ့အခါကျ Desktop ပေါ်လာရမယ့်အစား ဘာမှမပေါ်ဘဲ အပြာရောင် Screen ကြီးဘဲ ပေါ်နေတယ်။ (BSOD မဟုတ်ပါ)
အဲဒါနဲ့ ကျွန်တော် Task Manager ကို ခေါ်ကြည့်လိုက်တယ်။ ခေါ်လို့ရတယ်။ အဲဒါနဲ့ Task Manager ကိုသုံးပြီး Windows Folder ထဲ လိုက်ကြည့်တော့ explorer.exe မရှိတော့တာကို တွေ့ရတယ်။ သေချာတယ်ပေါ့။ ဗိုင်းရပ်စ်က explorer.exe ကို ဖျက်ပစ်လိုက်လို့ Desktop ကြီး မပေါ်နိုင်ဖြစ်နေတာလေ။ နောက်မှ သိရတာက ဗိုင်းရပ်စ်က explorer.exe ကို ၀င်ကိုက်တဲ့အချိန် Kaspersky ကြီးက ထအော်တာကို user က Delete ဆိုပြီး ချလိုက်တာ ဗိုင်းရပ်စ်တင်မကဘဲ explorer.exe ပါ ပျက်သွားတာပါ။
အဲဒါနဲ့ ကျွန်တော်လည်း Memory Stick နဲ့ တခြားစက်က explorer.exe ကို copy ကူးပြီး အဲဒီစက်ထဲ ထည့်လိုက်တယ်။ restart လုပ်လိုက်တယ်။ ဟော Desktop ကြီးပေါ်လာပြီ။ စိတ်ထဲမှာတော့ ပြီးပြီဆိုပြီး ထင်နေလိုက်တယ်။
မပြီးသေးဘူးဗျ။ သကောင့်သား ဗိုင်းရပ်စ်မွှေသွားပုံက My Computer ဖွင့်လိုက်ရင် My Computer မပွင့်ဘဲနဲ့ Command Prompt ကြီးပွင့်လာတယ်။ Start Menu က My Computer ပဲဖွင့်ဖွင့်၊ Desktop ပေါ်က My Computer ပဲဖွင့်ဖွင့် Command Prompt ပဲ ပွင့်လာတယ်။ နောက် Windows Key နဲ့ E ကို တွဲနှိပ်လည်း Windows Explorer ပွင့်မလာတော့ဘူး။ The Parameter is incorret ဆိုပြီး Dialog Box လေးတစ်ခု ကျလာတယ်။ ခေါင်းစားသွားတယ်ပေါ့ဗျာ။
Registry ထဲ ပြန်ပြင်ရမယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဘယ်နေရာ သွားပြင်ရမယ်မှန်းမသိဘူး။ သုံးနာရီလောက်ကြာအောင် လိုက်မွှေကြည့်လည်း မထူးဘူးဗျာ။ နောက်မှ Desktop ပေါ်က My Computer ပေါ် Right Click နှိပ်ကြည့်တဲ့အခါ CMD Shell ဆိုပြီး item လေးတစ်ခု တိုးပြီး ပေါ်နေတာကို သတိထားမိတယ်။ သဲလွန်စတော့ ရပြီပေါ့ဗျာ။
အဲဒါနဲ့ registry ထဲသွားပြီး CMD Shell ဆိုပြီး ရိုက်ပြီး ရှာလိုက်တာ ဒီ key လေးကို စတွေ့ပါတယ်။
HKEY_CLASSES_ROOTFolder hellcmdcommand အောက်မှာ Default Value က C:WindowsSystem32cmd.exe ဆိုပြီး တွေ့ရပါတယ်။

ကျွန်တော် အဲဒီ Key ကို မသင်္ကာဘူး။ အဲဒါနဲ့ တခြားစက်မှာသွားကြည့်တော့ တခြားစက်မှာ အဲဒီလို key မရှိဘူး။ ဒါနဲ့ အဲဒီ key ကို ဖျက်ပစ်လိုက်တယ်။ ပြီးတော့ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ အရင်လို Command Prompt မပွင့်တော့ဘဲ error တစ်ခု တက်လာတယ်။ နီးတော့ နီးလာပြီပေါ့ဗျာ။
အဲဒါနဲ့ တခြားစက်မှာရှိတဲ့ key အတိုင်း လိုက်ပြီး ဖန်တီးလိုက်တယ်။

HKEY_CLASSES_ROOTFolder hell အောက်မှာ Explore ဆိုပြီး key တစ်ခု ထပ်ဆောက်လိုက်တယ်။ အဲဒီ Explore အောက်မှာ command ဆိုပြီး key ထက်ဆောက်လိုက်တယ်။ သူ့ရဲ့ Default Value ကို %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်တယ်။ ဆိုလိုရင်းကတော့ My Computer ကို ဖွင့်လိုက်ရင် explorer.exe ကို သွားဖွင့်ခိုင်းလိုက်တာပါပဲ။ နောက်မှာပါတာတွေက Switch တွေပါပဲ။ အဲဒီ Switch တွေ အကြောင်းကိုတော့ ကျွန်တော်လည်း မသိပါဘူး။
နောက်ထပ် HKEY_CLASSES_ROOTFolder hell အောက်မှာပဲ Open ဆိုပြီး key တစ်ခု ဆောက်လိုက်ပါတယ်။ အဲဒီ Open အောက်မှာ command ဆိုပြီး Key တစ်ခု ထပ်ဆောက်ပါတယ်။ သူ့ရဲ့ Default Value ကိုလည်း အစောကအတိုင်းပဲ %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်ပါတယ်။
ပြီးတော့ Registry Editor ကို ပိတ်လိုက်ပါတယ်။ My Computer ကို ဖွင့်ကြည့်လိုက်ယ်။ ဟော My Computer မှ My Computer ကြီး ပွင့်လာပါကြောင်း။

စာဖတ်သူတွေထဲက ကျွန်တော့်လိုမျိုး My Computer ဖွင့်လိုက်လို့ My Computer မပွင့်ဘဲ တခြားဟာတွေ ပွင့်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ reg ဖိုင်လေးကို download ဆွဲပြီး double click နှိပ်ဖွင့်လိုက်ပါ။ ပြီးရင် Yes ကို နှိပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ reg ဖိုင်ထဲမှာ တခြား ဘာ code မှ မပါပါဘူး။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။


Download Restore My Computer Registry
source: IT Men

မိမိ ip address ကို ဖျောက်ပေးမည့် Auto Hide IP 4.6.2.6


ကဲဒါကတော့ သိထားတဲ့အတိုင်း မိမိ ip address ကို ဖမ်းလို့မမိအောင် ip address အစစ်အမှန်ကို ဖျောက်ပေးနိုင်တဲ့ program ပါပဲ . လိုချင်သည့်သူများ အောက်တွင် Download လုပ်ယူနိုင်ပါတယ် . Link ကို နှစ်နေရာကနေ တင်ထားပေးပါတယ် . လိုအပ်ရင် ထပ်ပြီး Download link တွေ ဖြည့်ပေးသွားပါ့မယ် . ip hider တင်ပေးခါမှ ဒီကောင်လေးကို သုံးပြီး လျှောက်ပြီးတော့တော့ ဘလောဂ်တွေကို လိုက်နှောက်ယှက်တဲ့သူများ အဲ့လိုမလုပ်ကြပါနဲ့ . အကျိုးရှိတဲ့နေရာ တွေမှာပဲ သုံးစေချင်တာ ကျွန်တော့်စေတနာပါ .

Download ifile.itDownload mediafire

Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်နည်း...

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။
XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ…။
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။
ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။
နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။
တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။



မှတ်ချက်။မြန်မာအင်ဂျင်နီယာဖိုရမ်မှမှီငြမ်းထားသည်...
source: ko zaw

Start Menu ကို အရှိန်မြှင့်လိုက်ပါ

မိမိ သုံးနေတဲ့ ကွန်ပျူတာကို မြန်ဆန်စွာ အသုံးပြုနိုင်ရန် နည်းလမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Start Menu အရှိန်မြှင့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်တိုင်း ပြုလုပ်ပါ-

၁) Start မှ Run ကို ဖွင့်ပါ။
၂) Run box တွင် regedit ကို ရိုက်ပါ။
၃) regedit box ပေါ်လာရင် HKEY_CURRENT_USER ကို ရွေးပါ။ ပြီးရင် Control Panel မှ Desktop ကို ဖွင့်ပါ။
၎) ညာဘက်တွင် MenuShowDelay ဆိုတာကို ရှာပါ။ တွေ့ရင် Double Click လုပ်ပါ။
၅) Value Data (၁၀၀)ကို (၄၀၀)ပေးလိုက်ပါ။
source:မောင်စေတနာ

Connection ကျနေစဉ် Gtalk,Gmail

အဖွဲ့ဝင်များအားConnection ကျနေစဉ် Gtalk,Gmail
ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်.

Gmail ဖွင့်လိုလျှင်-

-mozilla ကို ဖွင့်ပါ။

-mozilla ထဲက Tools ကိုဖွင့်ပါ။

-Tools ထဲက Options ကိုနှိပ်ပါ။

-Options ထဲက Advanced ကိုနှိပ်ပါ။

-Advanced ထဲက settings ကိုနှိပ်ပါ။

-Settings ထဲက manual poxy ကို နှိပ်ပါ။

-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင်

212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင်

443 ကိုရိုက်ထည့်လိုက်ပါ။

*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင်
use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
post box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************

poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ prot ကတော့ 443 ပဲဖြစ်ပါတယ်...
source:foreverfriends-တာဝရရင်ခွင် ထွန်း

MP3 player 1GB ထဲကို MP3 song 1000 ထည့်နည်း


ဒီနည်းလေးကတော့ ၀ပ်ဆိုဒ်တစ်ခုမှာ ဖတ်မိလို့ ကျွန်တော် Blog မှာ ပြန်တင်ပေးလိုက်တာပါ။
လုပ်နည်းကတော့
JetAudio အား ဖွင့်လိုက်ပါ။
ပြီးရင် conversion ကို click လုပ်ပြီးရင် Scurce အောက်က Add Files ကို click လိုက်ပါ။
မိမိကြိုက်တဲ့ song ကို select ပြီး open ကို click ပေးလိုက်ပါ။ ပြီးရင် Target အောက်က File naming မှာ
မိမိကြိုက်ရာ name ကို ပေးလိုက်ပါ။ ပြီးရင် Create new files in the following folder ကို click ပေးလိုက်ပါ။
ကြိုက်တဲ့နေရာမှာ save လို့ရပါတယ်။ ပြီးရင်...Output format မှာ WMA-Windows Media Audio 7 ကို
ရွေးလိုက်ပါ။ ပြီးရင် configuration ကို click ပေးလိုက်ပါ။ ပြီးရင်...Profiles မှာ
Audio for FM radio quality for dial-up mondems(28.8Kbps stereo) ကို ရွေးလိုက်ပါ။
ပြီးရင်... ok ပေးလိုက် ...start ကို click လိုက်ပါ။ ဒါဆိုရင် မိမိသီချင်းက MB တွေလျှော့သွားပါလိုက်မယ်။
အဆင်ပြေပါစေဗျာ...
source:

software မပါဘဲ folder ကို လော့ချမယ်

ကျွန်တော်သိထားတဲ့ folder lock ချနည်းလေးပါ။ ဒါပေမယ့် အဲဒီနည်းက software မပါတော့
တော်တော်လေးတော့ အသုံးဝင်ပါတယ်။ သိပြီးသားတွေဆိုရင်တော့ sorry ဗျာ။
လုပ်နည်းကတော့ ဒီလိုပါ....
ကိုယ်လုပ်ချင်တဲ့ folder ကို နာမည်းတစ်ခုပေးပါ။
ဥပမာ_ star လို့ ပေးလိုက်တယ်။ C:drive ထဲမှာ ထားလိုက်တယ်။
start မှ run ထဲမှာ attrib +s +h C:\star လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် star folder က C: ထဲမှာ မရှိတော့ပါဘူး။ ပျောက်သွားပါလိမ့်မယ်။
ပြန်ဖော်ချင်တယ်ဆိုရင် attrib -s -h C:\star လို့ ပြန်ရိုက်ထည့်လိုက်ပါ။
ပြန်ပေါ်လာပါလိမ့်မယ်။ D,E တို့မှာ ထားချင်ရင်လည်း C နေရာမှာ D,E တို့ ထည့်လိုက်ရုံပါပဲ။
ဒါပေမယ့် D မှာ ထားတယ်ဆိုရင် first page မှာပဲ လုပ်လို့ရပါတယ်။ folder တွေထဲမှာ လုပ်တာ မရပါဘူး။
D ဆိုရင် D ရဲ့ first page မှာ ထားလို့ရပါတယ်။ လုပ်ကြည့်ပါခင်ဗျာ။

ဘယ်နိုင်ငံက မေးလ်ပို့တာလဲ ?

ကျွန်တော် Gmail နှင့် Gtalk လွယ်ကူစွာ အသုံးပြုနည်းကို ကျွန်တော် အကိုရဲ့ ကူညီမှုနဲ့ အတော်အတန့် ပြည့်စုံအောင် ကျွန်တော်တို့ စာအုပ် ပြုစုခဲ့ပါတယ်။ နောက်ထပ်လည် ပြည့်စုံအောင် Version 2 ဆိုပြီ ထုတ်ဖို့ ရည်ရယ်ထားပါတယ်။ အခုလည် ကျွန်တော်ကို အမေးအများဆုံး ဖြစ်တဲ့ ဘယ်က ချက်နေတာကို ဘယ်လို သိနိုင်လဲလို့ ကျွန်တော်ကို ခဏခဏ မေးပါတယ် ကျွန်တော် သိသင့် သလောက် နည်းတွေကိုလဲ ကျွန်တော်ပြုစုခဲ့တဲ့ စာအုပ်မှာ တင်ပြခဲ့ပြီဖြစ်ပါတယ်။ အခုတင်ပြမည့် နည်းကတော့ ကျွန်တော်တို့ အားလုံးသတိမထားမိတဲ့ နည်းလေးဖြစ်မှာပါ။ သိတဲ့သူလည် သိမှာပေါ့။ ကျွန်တော် အခု ပြုစုနေတဲ့ စာအုပ်မှာ ရေးပြီသာတော့ ကြာပါပြီ ဒါပေးမဲ့ Blog မှာတော့ မတင်ဖြစ်ခဲ့ပါဘူး။ အခုနည်းကတော့ ကျွန်တော်တို့ မိမိကို မေးလ်ပို့တဲ့သူက ဘယ်က ပို့တာလည်ဆိုတာကို Time Zone နဲ့ လိုက်တာ ဖြစ်ပါတယ်။ ဘာမှ မခတ်ခဲတဲ့နည်းလေးဖြစ်ပါတယ်။ အတော်များများကို ကျွန်တော် စမ်းကြည့်ပါတယ်။ အဆင်ပြေပါတယ်။ Chat Mail တွေ Auto Reply မေးလ်တွေတော့ ကြည့်လို့မရပါဘူး။ မေးလ်ပို့မှသာ ကြည့်လို့ရမှာဖြစ်ပါတယ်။ Auto Reply ကို Time Zone က -7 ပြနေပါမည်။ -7 Time Zone က အမေရိကန် Time Zone ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိက မေးလ်မှာ Auto Reply လုပ်ထားတာဖြစ်တဲ့အခါ ဘယ်သူ မေးလ်ပို့ပို့ Auto mail က Reply လုပ်နေလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က ပို့တဲ့ မေးလ်ဆို ( GMT +6:30) ဖြစ်ပါတယ်။ ဒါက ဥပမာ ပြောပြတာပါ။ အောက်မှာ ကြည့်လိုက်ပါ။

1. မိမိ Mail ကို Sign In လုပ်လိုက်ပါ။
2. Setting ကို click လိုက်ပါ။ (မိမိ Mail Box ရဲ့ ညာဘက်ထောင့်မှာ ရှိပါတယ်။)
3. Labs ကို ထပ် click လိုက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Sender Time Zone ကို Enable ပေးလိုက်ပါ။ ပြီရင် အောက်နားမှ Save Changes ကို click လိုက်ပါ။



4. အထပ်ပါအတိုင်းSettings မှာ ပြင်ပြီတာနဲ့ မိမိဆီကို သူငယ်ချင်းက မေးလ်ပို့တာနဲ့ Show Detail ကိုနိုပ်လိုက်တာနဲ့ အောက်ပါအတိုင်း Time Zone ကို တွေ့ရမှာ ဖြစ်ပါ တယ်။ မိမိက Time Zone တွေနဲ့ နိုင်ငံတွေ မတွဲမိရင် နံပတ် (၅)မှာ တင်ပြထားတဲ့ ဆိုဒ်တွေမှာ Time Zone ကို ကြည့်နိုင်ပါတယ်။ အောက်မှာ ကျွန်တော် ဥပမာ ပြတာ ကတော့ GMT + 6:30 ဖြစ်တာကြောင့် မြန်မာပြည်က သူငယ်ချင်းက မေးလ်ပို့တာ ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံ (၄)နိုင်ငံကို စမ်းထားပြီဖြစ်ပါတယ်။ အားလုံးမှန်ပါတယ်။ ဒါပေးမဲ့ အသေစိတ်ကိုတော့ မသိနိုင်ပါ။ နိုင်ငံကိုသာ သိနိုင်ပါတယ်။



5. Time Zone တွေကို မသိရင် အောက်က ဆိုဒ်နှစ်ခုမှာ ရှာဖွေကြည့်နိုင်ပါတယ်။

http://antonio.mccinet.ru/net/time.html
http://wwp.greenwichmeantime.com/time-zone/asia/china/hong-kong/time.htm
source:knowledge